Friday, April 20, 2012

ဒီဂျစ်တယ်ကင်မရာလောက

      ဒီဂျစ်တယ်ကင်မရာတွေ ပေါ်လာတော့ဖလင်တွေ မျိုးတုံး ကုန်ရော
     အစပိုင်း ဒီဂျစ်တယ်ကင်မရာတွေကို မကြိုက်ခဲ့ဘူး  ကွာလတီမကောင်းကြဘူး ပုံထွက်ကာလာ ဖလင်
ကိုလုံးဝ မမှီ ဘူး၊ ကိုယ်က Medium format film အထိကိုင်ခဲ့တာဆိုတော့ နဲနဲ ကြီးကျယ် ခဲ့တယ်၊ ဒါပေ
မဲ့ဖလင် ကင်မရာ ကိုင်ခဲ့တုန်းက ကထိကယ များခဲ့တာ ဒစ်ဂျစ်တယ်နဲ့တွေ့တော့အတော်သက်သာ
လာတယ် ၊
     ပထမ ဝယ်ဖြစ်တဲ့ဒစ်ဂျစ်တယ်ကင်မရာက 2 mega pixel ပဲရှိတယ်၊ဘောဒီ တခုလုံး ပလပ်စတစ်ကြီးပဲ
နာမည်လဲမမှတ်မိတော့ဘူး point and shoot အသေးစားလေး ဘာလဲဆိုပြီးဝယ်စမ်းကြည့်တာ၊Sensor
သေးသေးလေးနဲ့အ ပေါစားလေး ဒါပေမဲ့လွယ်တာကို အသိအမှတ်ပြုလာတယ် အဲ့ဒီတုန်းက ဒီဂျစ်တယ်
ကင်မရာတွေသိပ်မပေါသေးဘူး DSLR ဆို ဈေးအရမ်းကြီးတယ်တော်ရုံမကိုင်နိုင်သေးဘူး၊
   အဲ့ဒီတုန်းက ဒီဂျစ်တယ်ကင်မရာပြသနာတွေက  Sensor သေးတယ် ဒီတော့ကာလာတွေမနိုင်ဘူး၊
high ISO noise ဗျူတ် တွေထတယ် ၊focus မကောင်းဘူး၊
   ဒါနဲ့ နောက်တနှစ်လောက်ကြာတော့canon point n shoot ကင်မရာအသေးလေးထပ်ဝယ်တယ်

ပုံစံတူလေးပါ ဒီပုံက နောက်ထွက်လာတဲ့ကင်မရာပါ
5 mega pixel ဆိုတော့ကွာလတီ နဲနဲပိုကောင်းလာတယ် ကာလာ ပထမ ကင်မရာထက် ပိုစိုလာတယ်၊
Iso မကောင်းသေးဘူး indoor နဲ့ night shoot တွေဆို တော်တော်အခြေအနေဆိုးတယ်၊focus နှေး
တော့လျှပ်တပျက်ရိုက်ချက်တွေဆို လွတ်တာများတယ်၊

   နောက်တော့ panasonic lumix bridge တလုံးထပ်ဝယ်တယ် တော်တော်လေးလက်ခံစရာကောင်းတဲ့
ကင်မရာဖြစ် တယ် lens က leica german lens, body က ဂျပန် လုပ် ဆိုတော့ တော်တော်ကြိုက်ခဲ့တယ်
ဒါပေမဲ့  sensor အရမ်းသေးတုန်းပဲ နေရောင်ကောင်းရင်ပုံထွက်ကောင်းတယ်indoor နဲ့ night shoot မ
ကောင်းသေးဘူးထုံးစံအတိုင်းဗျှုတ် တွေထတယ်၊ dynamic range ညံတယ် ကာလာကို အကြိုက်စား
ကြီးမပာုတ်သေးဘူး color balance ကိုမကြိုက်တာ  ဒါပေမဲ့ဒီကင်မရာနဲ့ ၂ နှစ်လောက်နေလိုက်သေး
တယ် နောက်တော့ DSLR တွေဈေး ပေါပေါနဲ့ထွက်လာကြတယ် apsc sensor size တွေနဲ့ဆိုတော့
Nikon d3100 ဝယ်ကြည့်လိုက်တယ်



  သူကတော့တော်တော်လေးကိုကောင်းတယ် ပုံကော၊ ကာလာကော၊ အထွေထွေ အကုန်ကောင်း
တယ် lens လဲ ကြိုက်တာရွေးတတ်လို့ရတယ်၊ဝါသနာရှင်တွေဈေးပေါပေါနဲ့ စရိုက်လို့ရတဲ့ကင်မရာ
လေးပဲ Iso လဲတော်တော်ကောင်းလာတယ် 800 နဲ့ 1600 ထိသုံးလို့ကောင်းသေးတယ်colour balance
လဲ ကိုယ်ပာာကိုယ်ပြန်ချိန်လို့ရတယ် Raw သမားတွေလဲအဆင်ပြေတယ်၊ APS C sensor ဆိုတော့
သူ့အပေါ်မှာ Full Frame နဲ့ Medium Frame ပဲကျန်တော့တယ်။
     ဒီမှာကိုယ်ပြန်စဉ်းစားလာတယ်  ကိုယ်ဘာလုပ်ချင်တာလဲ၊
    ဝယ်ခဲ့တဲ့ကင်မရာတွေအားလုံး ဝါသနာအရ ဓါတ်ပုံ ရိုက်ချင်လို့ဝယ်ရိုက်ခဲ့ တာ ကြေးစား တခါးမှ
မလုပ်ခဲ့ဘူး ဒီတော့ဘာကိုရိုက်ချင်တာလဲ ဘာတွေကြောင့်ကင်မရာတွေကိုစိတ်တိုင်းမကျသေးတာ
လဲဆိုတော့........
    ပထမ ပိုစ် ထဲကအတိုင်းပဲ လမ်းပေါ်က ဂွ ကျ ကျ ဖြစ်ရပ်လေးတွေ လမ်းပေါ်ကလှပတဲ့အမြင်လေးတွေ
လူတွေကို ရိုက်ရင်းကင်မရာ အကြောင်းလေးတွေရေးဖို့သင့်တော်တဲ့ကင်မရာလိုချင်လာတယ်၊
ဒီတော့ DSLR ကင်မရာ ကြီးတွေက ကျွှန်တော်နဲ့မကိုက်ဘူး.....
    သူက သယ်ရပြုရခက်တယ်၊ ကိုယ်နဲ့တချိန်လုံးမပါဘူး၊ ရိုက်ချင်တဲ့အချိန်ဆို ကိုယ်နဲ့မရှိတာများတယ်
   လမ်းတွေမှာသူနဲ့ချိန်ပြီးရိုက်မယ်ဆိုလူတွေ က အမြင်အမျိုးမျိုး တွေဖြစ်ပြီး သဘာဝ ကျတဲ့ပုံကိုရခဲတယ်
   ဒီတော့လိုချင်တဲ့ကင်မရာက....
   ကင်မရာသေးရမယ် ၊အိပ်ထဲထည့်ထားလို့ရတဲ့ပာာမျိုး
   ကင်မရာသေးပေမဲ့ပုံကွာလတီကောင်းရမယ် ဖြစ်နိုင်ရင်full frame တောင်ဖြစ်စေချင်တယ်
   system တွေအရမ်းမြန်ရမယ် နောက်ပြီး zoom တွေနဲနဲပါးပါးဆွဲလို့ရတဲ့ပာာဖြစ်ရမယ်
    lens ကောင်းရမယ် နောက်ပြီး နောက်မှ ကွန်ပြူတာနဲ့ပြန်ပြုပြင်စရာမလိုလောက်တဲ့jepg file
    ကောင်းတဲ့ကင်မရာဖြစ်ရမယ်၊

         ဒါနဲ့နောက်ကင်မရာတလုံးထပ်ရှာတယ်..............
   
   Nikon 1 v1ကိုကြည့်မိတယ် 13.2 x 8.8mm  sensor sizeနဲ့ဆိုတော့တော်တော်သေး တုန်းပဲနောက်
ပြီး micro 4/3" ထက်ပိုသေးတယ် lens ရွေးစရာသိပ်မရှိဘူး aperture 3.5က အကျယ်ဆုံးပဲ 10mm F2.8 pancake lens တော့ရှိတယ် ဒါပေမဲ့ မလုံလောက်သေးဘူး dials and manual controls တွေမရှိဘူး
fast prime lenses တွေထုတ်ရင်မဆိုးဘူးသူ့ အားသာချက်က focus system အရမ်းမြန်တယ်  electronic viewfinder ပါတယ်နောက်ဗီဒီယို Full HD ရိုက်လို့ရတယ် nikon ကတော့ကြော်ငြာတာFastest Auto Focus in the World  လို့ပြောတာပဲ ဒါပေမဲ့ပြိုင်ဖက်တွေရှိတယ် mirrorless လောကမှာသူ့ထက် စော
နေတဲ့ ကောင်တွေရှိတယ်  နောက်ပြီး 1second ကိုပုံပေါင်း 10 ပုံ ကို auto focus နဲ့ရပြီး manual focus
ဆို ပုံ 60 တောင်ရတယ် တော်တော်ကိုမြန်တယ် နမူနာ ပုံတွေကိုအင်တာနက်မှာလိုက်ကြည့်တော့ တော်
တော်ကြီးကိုကောင်းတာတွေ့ရတယ် ......
   ကျွှန်တော့အတွက်တော့ ခြုံပြောရရင်  flash မပါဘူး ကိုယ်က flash တော့မကြိုက်ဘူး တခါတလေတော့
အသုံးတည့်တယ် အတတ်နိုင်ဆုံး flash မပါအောင်ရိုက်တယ်  နောက်ပြီး ပြသနာက lens  F2.0 လောက်
F1.8 လောက်လိုချင်တယ်  နောက်ပြီး အရမ်းမြန်အောင် sensor ကိုသေးသေးလေးလုပ်ထားတယ်အဲ့ဒီ
တော့ sensor သေးချင်း ရဲ့အကြိုးဆက် ကရှိသေးတယ်...........
   sensor ကြီးတာကိုကြိုက်တယ် full frame sensor နဲ့ body သေးသေး ကင်မရာတော့ရှိတယ်သူ့နာမည်က
Leica M9P ဂျာမန် လုပ်ပဲ manual focus နဲ့ ဈေးကတော့ယူရို ၇၀၀၀  ကိုဘောဒီ ပဲရှိသေးတယ်lens က
ယူရို ၃၀၀၀ ကျော် အားလုံး ယူရိုတသောင်းလောက်ကျမယ် .....အဲ့သလောက်သုံးဖို့ ကိုယ့်မှာအင်အား
မရှိဘူးဗျ ၊  ထီပေါက်ရင် တော့ဝယ်မယ်ဗျာ  စိတ်တော့မလျှော့ဘူး............

   စကားမစပ် ထီထိုးတာလဲ တခါးမှ မပေါက်ဘူး........





  လိုချင်လိုက်တာ...လိုချင်လိုက်တာ....ကိုင်ကြည့်ချင်လိုက်တာ ....ထီပေါက်စမ်းပါဗျာ....
  manual focus ဆိုတော့နဲနဲတော့လန့်တယ် သူများတွေပြောတာ တော်တော်မြန်တယ်ပြောတာပဲ
 ကိုယ်က အဝေးကနေ ငေးနေရတဲကသူ ဆိုတော့ မပြောတတ်ဘူး...
   ဒါနဲ့နောက်တလုံးကြည့်တယ်   Olympus PEN E-P3




ကျွှန်တော် တင်ပြတဲ့ကင်မရာတွေက နောက်ဆုံးဇကာတင် အကြိုက်ဆုံးတွေကိုတင်လိုက်တာပါ
တခြားအမျိုး အစာတွေအများကြီးရှိပေမဲ့ အကြောင်းကြောင်းတွေနဲ့မကြိုက်ခဲ့လို့မတင်တာပါ
နောက်ပြီးပက်ဆံ ယူရို ၁၀၀၀ ဝန်းကျင်မှာရှိတဲ့အနေအထားမျိုးပေါ့ ကိုယ်လဲဖြုန်းနိုင်မဲ့အနီးစပ်
ဆုံးကင်မရာအကြောင်းလေးတွေကို လေ့လာရင်းနဲ့သိလာတဲ့အချက်တွေကို  မျှဝေပေးတာပါ...
      ကဲဒီ Oly လေး ကတော့ကျွှန်တော် ဝယ်မလို့တောင် ဖြစ်ခဲ့ရတဲ့ ကင်မရာလေးပါ၊
      သူ့ရဲ့ကောင်းချက်တွေက  focus အရမ်းမြန်တယ် nikon V1 နဲ့ သူမသာကိုယ်အသုဘ ပဲ Nikon
ထက်ပိုကောင်းတာက sensor ပိုကြီးတယ်  micro 4/3" ဆိုတော့ APS C sensor ထက်တော့ပိုသေးတယ်
flash ပါပြီးသား ဖြစ်တယ်၊ screen က touch sensitive ဖြစ်တယ် IPHONE လို screen မှာ ရိုက်ချင်တဲ့
နေရာကိုတို့လိုက်တာ နဲ့ချက်ချင်း focus လုပ်ပြီး ရိုက်ပြီးသားပဲ  ကင်မရာဖြစ်တဲ့အတွက် ဖုန်းတွေထက်
တော့အများကြီးသာပြီးကာလာနဲ့အလင်းအမှောင်ချိန်တာ ပို သေချာတယ်၊ dials and manual controls
တွေရှိတယ် ၊ lens တွေ ရွေးချယ် လို့ရတာ အများကြီးရှိတယ် ၊သူ့ lens တွေကလဲဒိတ်ဒိတ် ကြဲlens တွေ
Razor-Sharp တွေ .....
    12MP ကသူ့ sensor size နဲ့သူအတော်ပဲလို့ထင်တယ် 
    Art Filters တွေတော်တော်များများပါတယ် ထွင်ရင်ထွင်နိုင်သလို ပုံကောင်းတွေထွက်တယ်....
 Live guide လဲပါတယ် အလင်းအမှောင်နဲ့ကာလာတွေကို တခါတဲ စိတ်ကြိုက်ချိန်ပြီးရိုက်လိုက်ရုံပဲ
 အားလုံးခြုံပြောရရင် system တွေအရမ်းကောင်းပြီး ကိုင် လို့အရမ်းကောင်းတဲ့ ကင်မရာလေးဖြစ်
 တယ်ဆိုတာပဲ...........
    အဲလိုတာလေးတွေက......
   viewfinder မပါဘူး သတ်သတ်ဝယ်ရမယ် ဒါကလိုကိုလိုတယ် နေရောင်အလင်းတောက်တဲ့ အချိန်
မှာဆို screen တွေကသိပ်ပြီးမမြင်ရတော့ဘူး ရမ်းသမ်း ပြီးရိုက်ရတာ....သူလဲsensor သေးတဲ့အထဲ
နဲနဲပါနေတယ် APS C sensor နဲ့ပြိုင်ရင် သူကလိုက်လို့မမှီဘူး......ဥပမာ iso မြင့်လာရင်ဗျုတ်တွေထလာ
ရော....ဒါပေမဲ့lens ကောင်းကောင်းနဲ့ အကျယ်ကြီးဖွင့်ရိုက်ရင် iso သိပ်တင်စရာမလိုတော့ဘူးထင်တယ်၊
LCD က လှည့်လို့မရဘူး အသေဖြစ်နေတယ်၊  ဈေးက ယူရို၈၀၀ နဲ့၁၀၀၀ ကြားမှာရှိတယ်၊ လိုတာလေး
တွေထပ်ဝယ်ထဲ့ မယ်ဆို ယူရို ၁၅၀၀ လောက်တော့ ကုန်လိမ့်မယ် ၊ အခုစာရေးနေတဲ့ အချိန်မှာOly က
နောက်အသစ်တလုံးထွက်လာပြီ ၊ အဲ့ဒါကိုဝယ်မယ်စိတ် ဆုံးဖြတ်ထားတယ် ဆိုင်တွေမှာတော့မတင်
သေးဘူး.....အဲ့ဒါကိုစောင့်နေတဲ့ကာလမှာသုံးဖို့တလုံးတော့ဝယ်ထားတယ် ဘာလေးလဲဆိုတာနောက်
တော့တင်ပြပါမယ်....ကဲနောက်တလုံးကြည့်အုန်းမယ်
   sony nex7.............




 သူလဲ အရမ်းကိုကောင်းတယ် APS C  Sensor နဲ့  Body ကသေးသေးပဲ 2.4M dot OLED EVF ပါပြီးသား
Oly လိုသီးသန့်ဝယ်စရာမလိုဘူး....24MP APS-C CMOS sensor နဲ့ဆိုတော့ တချို့က ကြိုက်ချင်ကြိုက်မယ်
ကျွှန်တော်ကတော့ noise တွေပိုများလာမယ်လို့ထင်တယ်APS C sensor မှာ 24 Mega  pixel  ကများလွန်း
တယ်လို့ထင်တယ်full frame မှာဆိုရင် လက်ခံနိုင်တယ်...ဒါပေမဲ့ နည်းစနစ်တွေတိုးတက်လာတော့ မပြော
တတ်တော့ဘူး  သိသလောက်ဆိုရင် pixel တခုကို ထပ်ခွဲစိပ်ပြီး အရေအတွက်များလာအောင်လုပ်တာ
pixel ရဲ့စွမ်းရည် ကျလာတယ် အလင်းနဲ့ကာလာတွေ pixel ကြီးကြီးတခုလောက် မထိမ်း နိုင်တော့ဘူး
ဒါကြောင့်full frame လိုsensor ကြီးကြီးမှာpixel အလုံးကြီးကြီး တွေက ကာလာတွေပိုတောက်ပြီးပုံ ကွာ
လတီပိုကောင်းတယ် ၊ဒါကြောင့် full frame ကင်မရာတွေက ယူရို ၂၀၀၀ အထက်မှာကြီးပဲ ၊
    Sony လဲ Sony အလျှောက် ကောင်းတဲ့ system တွေရှိတယ် Triple-dial-control တို့ Picture Effect တို့
HDR function တွေရှိတယ် တခြားအသေးစိပ်တွေအများကြီး ရှိပေမဲ့ ကိုယ့်အတွက်စိတ်အဝင်စားဆုံး ပာာ
လေးတွေကို  ကွက်ကွက်ပြီး  တင်ပြတာပါ သူရဲ့APS C sensor နဲ့ဆို   Oly နဲ့Nikon  တို့ထက်သာသွားပြီ
လို့ထင်တယ်...ဒါပေမဲ့ auto focus က ပိာုနှစ်ကောင်ကိုမ မှီ ဘူးဖြစ်နေတယ် အလင်းရောင်နဲသွားရင် focus
မသေချာတော့ဘူး နှေးကုန်ရော နောက်တချက်က  lens  ပြသနာရှိတယ်  သူ့ရဲ့ sensor size အတွက် lens
တွေကလဲကြီးကုန်တယ်  ဂျာကင် အိပ်လိုပာာမျိုးထဲ ထဲ့လို့မရတော့ဘူး iso noise ကျတော့ oly နဲ့သွားတူ
နေတယ် သူက sensor ကြီးပြီး pixel များထားတယ် Oly က sensor သေးပြီး pixel နဲ ထားတယ် ပြောရရင်
အတူတူပဲ ဒါပေမဲ့Oly က lens ကောင်းကောင်းတွေရှိတယ်
     


      

Tuesday, April 17, 2012

ဘလော့ရေးရချင်းအကြောင်း

ဘာကြောင့်ဒီစာတွေကိုစရေးမိတာလဲစဉ်စားတော့
   လမ်းပေါ်မှာလျှောက်သွားရင်းတွေ့ကြုံခဲ့တဲ့အတွေးလေးကိုဓါတ်ပုံလေးတွေနဲ့ ကိုယ်ပိုင် ဒိုင်ယာရီ လေး
တခုဖန်တီးချင်လာလို့ပဲ၊
   ကျွန်တော်က လူတွေအားလုံးကိုလေးစားတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်မကြုံဘူးတဲ့အတွေ့
ကြုံလေးတွေ အသိပညာတွေ လူတွေအားလုံးမှာရှိတယ် ၊ လူအယောက်တိုင်းမှာ ကျွန်တော်လေ့လာစ
ရာတွေပြည့်နှက် နေလို့ပဲ၊
    ဒီလိုပဲ ကိုယ်သိတဲ့မြင်တဲ့ အကြောင်းရာတွေကိုလဲ လက်လှမ်းမှီ သလောက်မျှ ဝေချင်တဲ့စိတ်ရင်းနဲ့
ဒီဘလော့ကိုစရေးမိတာပဲ၊ ဒါပေမဲ့ ကိုယ်ကိုတိုင်လဲ ပညာရှင်မပာုတ် တော့ ပညာရှင်ဆန်ဆန် အတိအကျ
အကြောင်းအရာတွေကို ရေးမှာမပာုတ် ပါဘူး၊ ပေါ့ပေါ့ ပါးပါးလေးပဲ ကြုံရတဲ့အကြောင်းအရာပဲတင်ပြမှာ
ပါ၊သေသေချာချာသိချင်ရင်တော့ google တို့ wiki တို့မှာဆက်ပြီးလေ့လာကျပေါ့ဗျာ။
     ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပရစေ၊
    ဒီအီတလီ မြို့တော် ရောမမြို့ ကို နှစ်တော်တော်ကြာတုန်းက ယောင်လယ်လယ်နဲ့စရောက်လာပါတယ်၊
ရောမရောက်ရင် ရောမလို ကျင့်ဆိုသလို အခုတော့ နေသားမကျတကျ ယောင်တုန်း လယ်နေတုန်းပါပဲ၊
အလုပ်အားရင် လျှောက်ယောင်တယ် ၊အလုပ်ပြီးရင် လမ်းသလား ရင်း လျှောက်လယ်တယ် ဓါတ်ပုံလေး
တွေရိုက်ပြီး ဘလော့ပေါ်တင်မယ်၊ ဒီလူမျိုး အကြောင်း မတတ်တခေါက်နဲ့ဝေဖန်ကြည့်မယ်ပညာယူမယ်၊
မြန်မာဘာသာနဲ့ရောမရဲ့  street photography blog လေးလုပ်မယ် ဆိုတဲ့  ကို ပေတလေ ပါခင်ဗျာ။

     အီတလီတွေ အကြောင်းမရေးခင် ကျွန်တော် ကင်မရာဝါသနာ ပါတဲ့အကြောင်းလေးအရင် ပြောပရစေ၊
ကျွန်တော် ၈ တန်းကျောင်းသားဘဝတုန်းက ကင်မရာ တလုံးစ ကိုင်ပါတယ်၊နာမည် က Zenit Russian made SLR ကင်မရာလေးပါ၊
အကုန်လုံး manual ဈေးလဲပေါတယ်လေ၊ ငယ်ငယ်တုန်းက ရွာအလှူ ၊ရှင်ပြု ပွဲတွေမှာ ကင်မရာ မန်း တွေကြည့်ပြီးသူတို့လိုအရမ်းရိုက်ချင်တာကိုအဲ့ဒီမှာကတဲကပိုးကထ နေတာ၊ပန်းခြံတွေမှာရိုက်နေတဲ့
သူတွေကြည့်ပြီးကိုယ်လဲလိုက်ရိုက်ချင်တာလက်ကိုယားနေတာပဲ၊
ဒါနဲ့အဲ့ဒီကင်မရာကြီးနဲ့ ရှိသမျှ အမျိုးတွေကိုကြေငြာလိုက်တယ်၊ဖလင်ထည့်ပေး ပုံကူးတဲ့စရိတ်စိုက်ပေး
ရင်အကုန်အလကားလိုက်ရိုက်ပေးမယ်လို့ ပဲာပဲာ အော်ဒါလေးတွေလာပါတယ်၊ဒါနဲ့ သူငယ်ချင်းဓါတ်ပုံဆိုင်
မှာဖုတ်ဖက်ခါပြီး Shutter speed,Aperture,Iso,တွေအကြောင်း အလင်းအမှောင် တွေသွားသင်လိုက်တယ်၊
Lens ကလဲ manualဆို တော့ focus ရဖို့ ကျင့်လိုက်ရတာ ၊ဖလင်မပါဘဲ တဖြောင်း ဖြောင်းနဲ့ကျင့်တယ်၊ကင်မ
ရာကိုင်ပုံ ပုံစံ တော်တော်များများကျင့်တယ်၊ဘယ်လက်နဲ့ကော ညာလက်နဲ့ပါရိုက်တတ်အောင်ကျင့်တယ်၊
ကျင့်နေတာ ကင်မရာရိုက်တာနဲ့မတူတော့ဘူး ပခုံးတင်စိန်ပြောင်းပြစ်သလို စနိုက်ပါပြစ် သလိုပုံစံမျိုးစုံ ကင်မရာငြိမ်နေအောင်သူငယ်ချင်းကသင်ပေးလိုက်တာ၊ နောက်သူ့ဆိုင်မှာဓါတ်ပုံလာကူးမှာဆိုတော့စေတနာ
ရှိရှိသင်ပေးလိုက်ပါတယ်။
     ပြီးတာနဲ့ပွဲစဝင်တော့တာပေါ့ အဒေါ် ကလေးမွေးတာသိပ်မကြာသေးဘူး ၄၊၅ လလောက်ပဲရှိအုန်းမယ်၊
ကလေးပုံလေးတွေရိုက်ချင်တယ် အိမ်မှာပဲရိုက်ပေးပါတဲ့ဒါနဲ့သွားတာပေါ့၊ ကင်မရာလက်ကတဖက်နဲ့ ခန့်ခန့်ကြီး ပညာရှင် ကင်မရာမန်းအိုက်တင်နဲ့အဒေါ်ဆီရောက်ကော၊ရာသီဥတုကလဲပူတယ်
အိမ်ကသွပ်မိုးနဲ့ ချွေးတလုံးလုံးပဲ ၊ဒါနဲ့ကလေးကိုသက်တောင့်သက်သာဖြစ်အောင်ကုတင်ပေါ်တင်ပြီး
အပေါ်ကမိုးပြီး လိုချင်တဲ့ အပြုံးရအောင်ရိုက်တာပေါ့၊ ပိာုက်...ကလေးကမရီဘူးဗျ ၊အဒေါ်ကဘေးကနေ
ရီအောင်မြူနေ ပေမဲ့လဲသူ့အပေါ်မိုးပြီးကင်မရာမဲကြီးကိုင်ပြီးကုန်းကုန်းကွကွဖြစ်နေတဲ့ပိာုအကောင်သင်ပေး
လိုက်တဲ့ထူးဆန်းတဲ့ ကိုယ်နေပာန်ထားနဲ့ကျွန်တော့ကို ပြူးကြောင် ပြူးကြောင်နဲ့ပဲကြည့်နေတယ်၊ lens က
လဲ fix ဆိုတော့လူကပဲ ရှေ့တိုးနောက်ဆုတ် လုပ်ရတယ်၊ပြီးရင် ငြိမ်နေအောင် ပေပြီးနေတယ်၊လှုတ်ရင်ပုံဝါး
သွားမှာစိုးလို့၊ ကျွန်တော်လဲအဒေါ်အရှေ့မှာအရှက်တော့ကွဲပါပြီဆိုပြီးဇောချွေးတွေပြန်နေတာ လက်ဖဝါးက
ချင်ဆီ တွေထွက်ပြီး ကင်မရာက ငါးရှင့်လို့ ချော နေတာပဲ၊လျှောပြီးကလေးပေါ်ပြုတ်မကျတာကံကောင်း၊ ဒီကြားထဲကုတင်က မှို့ယာနဲ့ဆိုတော့ ပာန်ချက်ထိမ်း ရတာ ကျောအောင့် ခါးတောင့်နေတာပဲ၊
ကျွန်တော်ကလဲ ကလေးတချက်ပြုံးတာနဲ့တင်လျှပ်တပျက်ရိုက်နိုင်အောင်မျက်လုံးနဲ့ကင်မရာနဲ့
ကပ်ထားတာနှာခေါင်းပါဖိပြီးပိတ်နေတာ နွားသိုးကြီး နှပ်ချီးညှစ်သံထွက်နေပြီ၊အဲ့ဒီမှာကလေးကပြူးကြောင်
ကြောင်ကနေမဲ့တဲ့တဲ့ဖြစ်လာပြီး မဲ့ကာ ရွဲ့ကာ နဲ့အော်ကြီးပာစ်ကျယ် ငိုပါလေရော၊နောက်တော့ အဒေါ်
လဲကျွန်တော့ ကို ရှစ်ခေါက်ချိုးမျက်နာနဲ့ကြည့်လိုက်မျက်လုံးလေးပေကလပ်ပေလပ်နဲ့ကြည့်လိုက်နဲ့ဘာ
တွေစဉ်စားနေလဲမသိပါဘူး၊
             ပေတေ တို့ကလုံးဝမလျှော့ပါဘူး ဒီလိုပဲလုံးလယ်ခြာလပတ်နဲ့ အဲ့ဒီနေ့ကပွဲပြီးသွားပါတယ်။
           ၂၄ ပုံ ဖလင် ၂ လိပ်ကုန်သွားတယ် ဒါနဲ့ ဆရာဘော်ဒါဘော်ချက် ကြီးဆီပြေးပြီးသွားကူးလိုက်တယ်
တပါတ်လောက်ကိုရင်တထိပ်ထိပ် နဲ့ရည်းစား အဖြေ ပေးခါနီးလို စောင့်ပြီး .....ရပါပြီ၊
၁၅ ပုံလောက်ထွက်လာတယ် ဝါးတားဝါတားလေးတွေနဲ့သုံးလို့တော့ရတယ်၊ဒါနဲ့ ဆရာဘော်ဒါကိုမျက်မှောင်
ကုတ်ပြီမကြည် ဂိုက်နဲ့မင်းငါပက်ဆံ၄၈ပုံစာ ဘတ်တယ်ပေါ့ဆိုပြီး ပူညံပူညံလုပ်ပေးလိုက်တော့ ကျွန်တော့ကို
သင်ဖို့ဖယ်ထားတဲ့ကျန်တဲ့ပုံတွေထုတ်ပြတယ် မဲမဲကြီးတွေေ ဖွးဖွေကြီးတွေ lens ကိုနေ ဝင်လို့ ဝိုးတိုးဝါတား
တွေကိုအထပ်လိုက်ထုတ်ပြပြီးသင်ပေးတယ်။
    ကျွန်တော်က ဓါတ်ပုံဆို Razor sharp မှကြိုက်တာ၊အဒေါ်ကလဲပြောတယ် နင့်ပုံတွေက နဲနဲလေးဝါး နေ
တယ်လို့ ဆရာဘော်ဒါကိုမေးတော့  Black and White ကိုသုံးဖို့ စသင်တယ် အလင်းအမှောင်နဲ့ပုံကိုကြည့်
လိုက်တာနဲ့ ကာလာဘယ်လိုတက်လာမှာတို့  သူတို့ရဲ့dramatic ဖီးလေးတွေ mono tone အကြောင်းတွေ
ပြောပြတယ်။
   ဘယ်လောက်ပဲသင်သင် အားလုံးမသိခဲ့ကြတာက အဲ့ဒီကတဲက ကျွန်တော် မျက်စိက အဝေးမှုန် ဖြစ်နေ
ပြီဆိုတာ ကိုယ်ကိုတိုင်လဲမသိခဲ့ဘူး။ ပိုကြည်အောင်ရိုက်လေ မှုန်လေ နဲ့စိတ်ထဲမှာတခါးမှအခဲမကြေဘူး
ဒါနဲ့ဆရာဘော်ဒါက သူ့ကင်မရာရောင်းချင်တော့ ကျွန်တော့ကင်မရာမကောင်းလို့ မှန်ပြောင်းကွာလတီညံ
လို့ဆိုပြီး သူ့ပာာလာထိုးရောင်းတယ်။
   အခန့်သင့်တာက ကိုယ်က ၈တန်းနဲ့၉တန်းကျောင်းသားဝန်းကျင်ခန့် ပက်ဆံမရှိဘူးလေ၊ ဒီတော့ ဝါသနာ
တူ ရွာက ဘုန်းကြီးမကျ ကိုရင်ကြီးမကျ ဦးလေးအမျိုးတော်သူကိုစည်းရုံးတာပေါ့၊သူလဲ ကင်မရာအရမ်းဝါ
သနာပါတယ် ၊ဒါနဲ့သူ့ကိုကင်မရာပေးကိုင်လိုက် ရိုက်ပုံရိုက်နည်းလေးသိသလောက်မှတ်သလောက်နဲ့သင်
ပေးလိုက်ပြီး ကျွန်တော့ကင်မရာသူ့ဆီမှာရောင်းခဲ့လိုက်တယ်၊ကိုယ်ကတော့ ဆရာဘော်ဒါကင်မရာကိုပက်
ဆံထပ်ဆိုက် ပြီးပြန်ဝယ်လိုက်တယ်


    အဲ့သလိုပုံစံမျိုးလေး Yashica ၀ယ်ဖြစ်လိုက်တယ် focus ကတော့manual ပဲ zoom တွေဘာတွေတော့
ပါလာပြီ ခက်တာက မျက်စိ အဝေး နဲနဲမှုံ တာသတိမထားမိသေးဘူး
  ဒို့ဘုန်းကြီးကတော့ ရွာက ရှိသမျှ ရာသီပွဲနဲ့ အလှူတွေ ရှင်ပြု တွေအကုန် သူပဲလိုက်ရိုက်တာ အဆင်ကို
ပြေလို့  ၂ပတ် ၃ပါတ်တခါ ဖလင်အလိပ် ၂၀ နီးပါး ရန်ကုန်တက်ပြီး လာလာကူးတာ လက်ဖြားမှာငွေသီးနေ
တာ ကိုယ့်ကိုတောင် မှုန့်ဖိုး တွေပေးတာ ကျောင်းမှာကော့နေတာပဲ  ကိုယ်ကတော့ပက်ဆံမရှိတော့ ဈေး
ပေါတဲ့ အဖြူအမဲ ဖလင်နဲ့ပဲ လက်စွမ်းပြနေတာ။
   နောက်တော့ကျောင်းထိုင်ဘုန်းကြီးဆူလားမသိဘူး ဦးလေးဘုန်းကြီးရန်ကုန်တက်မလာတော့ဘူး
  ဒီနောက်တော့ ဦးလေးတယောက်ဂျပန်ကပြန်လာတာ အဲ့ဒီတော့မှ autofocus စကိုင်ဖူးတယ်။
 ကိုယ်မျက်စိ နဲနဲမှုံ နေတာလဲ အဲ့ဒီကျတော့မှသဘောပေါက်တော့တယ်။

   ဦးလေးပာာဆိုတော့ငှားလို့ပဲရတယ် အပိုင်မပေးဘူး၊ ပုံထွက်အရမ်းကောင်းတယ်film ပဲ ၊အဲ့ဒီအချိန်
ကင်မရာတွေပေါလာပြီ point and shoot ကင်မရာသေးသေးတွေ လူတော်တော်များများကိုင်လာပြီ၊ကျွန်
တော်ကတော့အဲ့ဒီကင်မရာတွေလုံးဝမကိုင်ဘူး lens ကိုမကြိုက်တာ distorsione များပြီးပုံရွဲ့စောင်းတွေ
များလို့၊
    ဒီလိုနဲ့ ကင်မရာကျော တော့တော်တော်နပ် လာပြီ ၊lens အကြောင်းတို့ focus system တို့ meteringတို့
ဖလင်ရဲ့အရေးကြီးပုံတွေကိုတော်တော်သိလာပြီ ဒါနဲ့ကိုယ်ပိုင် ကင်မရာကောင်းကောင်းတလုံးဝယ်လိုက်
တယ် ကျွန်တော့ဘဝမှာ ဖလင်နဲ့စိတ်အကြေနပ်ဆုံးကင်မရာ EOS 5 Canon

     focus system အရမ်းကောင်းတယ် ၊ကိုယ်မျက်လုံးနဲ့ကြည့်လိုက်တဲ့အရာကို focus အမြန်ဆုံးလုပ်ပေး
တယ်၊ဥပမာ ကွင်းထဲမှာ နွားအုပ်ကြီးလွတ် ထားတယ်ပေါ့  အဲ့ဒီအထဲက ကိုယ့်မျက်စိနဲ့ပဲကြည့်တဲ့နွားကို
ပဲကြည်နေအောင်ရိုက်ပေးတယ်၊တခြားကောင်းတာတွေလဲအများကြီးပဲ ၊ဖလင် လောက ပျောက်ကွယ်လာ
ပေမဲ့ အဲ့ဒီကင်မရာကိုသတိရတုန်းပဲ ၊
  နောက်တော့35mm film နဲ့အားမရတော့ဘူး ဒါနဲ့Medium format film လိုင်းကိုရောက်လာတယ်
  Zenza Bronica တလုံးဝယ်ဖြစ်တယ်







Focus ကတော့ manual ပဲဒါပေမဲ့ ကျွန်တော် မျက်မှန်တတ်နေပြီ ပဲာပဲာ....
ဒါတွေကတော့ကျွန်တော် ဖလင် လိုင်းမှာကိုင်ခဲ့တဲ့ ကင်မရာ ရာဇ၀င်လေးပါ.......
နောက် Digital Camera အကြောင်းဆက်ပါ့မယ်။
ရေးခဲ့တဲ့အချက်အလက်လေးများမှားယွင်းနေရင် အောက်မှာ အကြံဥဏ် လေးများထားခဲ့စေ
ချင်ပါ တယ် အားလုံးကိုကျေးဇူးတင် ရင်း..........