အစပိုင်း ဒီဂျစ်တယ်ကင်မရာတွေကို မကြိုက်ခဲ့ဘူး ကွာလတီမကောင်းကြဘူး ပုံထွက်ကာလာ ဖလင်
ကိုလုံးဝ မမှီ ဘူး၊ ကိုယ်က Medium format film အထိကိုင်ခဲ့တာဆိုတော့ နဲနဲ ကြီးကျယ် ခဲ့တယ်၊ ဒါပေ
မဲ့ဖလင် ကင်မရာ ကိုင်ခဲ့တုန်းက ကထိကယ များခဲ့တာ ဒစ်ဂျစ်တယ်နဲ့တွေ့တော့အတော်သက်သာ
လာတယ် ၊
ပထမ ဝယ်ဖြစ်တဲ့ဒစ်ဂျစ်တယ်ကင်မရာက 2 mega pixel ပဲရှိတယ်၊ဘောဒီ တခုလုံး ပလပ်စတစ်ကြီးပဲ
နာမည်လဲမမှတ်မိတော့ဘူး point and shoot အသေးစားလေး ဘာလဲဆိုပြီးဝယ်စမ်းကြည့်တာ၊Sensor
သေးသေးလေးနဲ့အ ပေါစားလေး ဒါပေမဲ့လွယ်တာကို အသိအမှတ်ပြုလာတယ် အဲ့ဒီတုန်းက ဒီဂျစ်တယ်
ကင်မရာတွေသိပ်မပေါသေးဘူး DSLR ဆို ဈေးအရမ်းကြီးတယ်တော်ရုံမကိုင်နိုင်သေးဘူး၊
အဲ့ဒီတုန်းက ဒီဂျစ်တယ်ကင်မရာပြသနာတွေက Sensor သေးတယ် ဒီတော့ကာလာတွေမနိုင်ဘူး၊
high ISO noise ဗျူတ် တွေထတယ် ၊focus မကောင်းဘူး၊
ဒါနဲ့ နောက်တနှစ်လောက်ကြာတော့canon point n shoot ကင်မရာအသေးလေးထပ်ဝယ်တယ်
ပုံစံတူလေးပါ ဒီပုံက နောက်ထွက်လာတဲ့ကင်မရာပါ
5 mega pixel ဆိုတော့ကွာလတီ နဲနဲပိုကောင်းလာတယ် ကာလာ ပထမ ကင်မရာထက် ပိုစိုလာတယ်၊
Iso မကောင်းသေးဘူး indoor နဲ့ night shoot တွေဆို တော်တော်အခြေအနေဆိုးတယ်၊focus နှေး
တော့လျှပ်တပျက်ရိုက်ချက်တွေဆို လွတ်တာများတယ်၊
နောက်တော့ panasonic lumix bridge တလုံးထပ်ဝယ်တယ် တော်တော်လေးလက်ခံစရာကောင်းတဲ့
ကင်မရာဖြစ် တယ် lens က leica german lens, body က ဂျပန် လုပ် ဆိုတော့ တော်တော်ကြိုက်ခဲ့တယ်
ဒါပေမဲ့ sensor အရမ်းသေးတုန်းပဲ နေရောင်ကောင်းရင်ပုံထွက်ကောင်းတယ်indoor နဲ့ night shoot မ
ကောင်းသေးဘူးထုံးစံအတိုင်းဗျှုတ် တွေထတယ်၊ dynamic range ညံတယ် ကာလာကို အကြိုက်စား
ကြီးမပာုတ်သေးဘူး color balance ကိုမကြိုက်တာ ဒါပေမဲ့ဒီကင်မရာနဲ့ ၂ နှစ်လောက်နေလိုက်သေး
တယ် နောက်တော့ DSLR တွေဈေး ပေါပေါနဲ့ထွက်လာကြတယ် apsc sensor size တွေနဲ့ဆိုတော့
Nikon d3100 ဝယ်ကြည့်လိုက်တယ်
သူကတော့တော်တော်လေးကိုကောင်းတယ် ပုံကော၊ ကာလာကော၊ အထွေထွေ အကုန်ကောင်း
တယ် lens လဲ ကြိုက်တာရွေးတတ်လို့ရတယ်၊ဝါသနာရှင်တွေဈေးပေါပေါနဲ့ စရိုက်လို့ရတဲ့ကင်မရာ
လေးပဲ Iso လဲတော်တော်ကောင်းလာတယ် 800 နဲ့ 1600 ထိသုံးလို့ကောင်းသေးတယ်colour balance
လဲ ကိုယ်ပာာကိုယ်ပြန်ချိန်လို့ရတယ် Raw သမားတွေလဲအဆင်ပြေတယ်၊ APS C sensor ဆိုတော့
သူ့အပေါ်မှာ Full Frame နဲ့ Medium Frame ပဲကျန်တော့တယ်။
ဒီမှာကိုယ်ပြန်စဉ်းစားလာတယ် ကိုယ်ဘာလုပ်ချင်တာလဲ၊
ဝယ်ခဲ့တဲ့ကင်မရာတွေအားလုံး ဝါသနာအရ ဓါတ်ပုံ ရိုက်ချင်လို့ဝယ်ရိုက်ခဲ့ တာ ကြေးစား တခါးမှ
မလုပ်ခဲ့ဘူး ဒီတော့ဘာကိုရိုက်ချင်တာလဲ ဘာတွေကြောင့်ကင်မရာတွေကိုစိတ်တိုင်းမကျသေးတာ
လဲဆိုတော့........
ပထမ ပိုစ် ထဲကအတိုင်းပဲ လမ်းပေါ်က ဂွ ကျ ကျ ဖြစ်ရပ်လေးတွေ လမ်းပေါ်ကလှပတဲ့အမြင်လေးတွေ
လူတွေကို ရိုက်ရင်းကင်မရာ အကြောင်းလေးတွေရေးဖို့သင့်တော်တဲ့ကင်မရာလိုချင်လာတယ်၊
ဒီတော့ DSLR ကင်မရာ ကြီးတွေက ကျွှန်တော်နဲ့မကိုက်ဘူး.....
သူက သယ်ရပြုရခက်တယ်၊ ကိုယ်နဲ့တချိန်လုံးမပါဘူး၊ ရိုက်ချင်တဲ့အချိန်ဆို ကိုယ်နဲ့မရှိတာများတယ်
လမ်းတွေမှာသူနဲ့ချိန်ပြီးရိုက်မယ်ဆိုလူတွေ က အမြင်အမျိုးမျိုး တွေဖြစ်ပြီး သဘာဝ ကျတဲ့ပုံကိုရခဲတယ်
ဒီတော့လိုချင်တဲ့ကင်မရာက....
ကင်မရာသေးရမယ် ၊အိပ်ထဲထည့်ထားလို့ရတဲ့ပာာမျိုး
ကင်မရာသေးပေမဲ့ပုံကွာလတီကောင်းရမယ် ဖြစ်နိုင်ရင်full frame တောင်ဖြစ်စေချင်တယ်
system တွေအရမ်းမြန်ရမယ် နောက်ပြီး zoom တွေနဲနဲပါးပါးဆွဲလို့ရတဲ့ပာာဖြစ်ရမယ်
lens ကောင်းရမယ် နောက်ပြီး နောက်မှ ကွန်ပြူတာနဲ့ပြန်ပြုပြင်စရာမလိုလောက်တဲ့jepg file
ကောင်းတဲ့ကင်မရာဖြစ်ရမယ်၊
ဒါနဲ့နောက်ကင်မရာတလုံးထပ်ရှာတယ်..............
Nikon 1 v1ကိုကြည့်မိတယ် 13.2 x 8.8mm sensor sizeနဲ့ဆိုတော့တော်တော်သေး တုန်းပဲနောက်
ပြီး micro 4/3" ထက်ပိုသေးတယ် lens ရွေးစရာသိပ်မရှိဘူး aperture 3.5က အကျယ်ဆုံးပဲ 10mm F2.8 pancake lens တော့ရှိတယ် ဒါပေမဲ့ မလုံလောက်သေးဘူး dials and manual controls တွေမရှိဘူး
fast prime lenses တွေထုတ်ရင်မဆိုးဘူးသူ့ အားသာချက်က focus system အရမ်းမြန်တယ် electronic viewfinder ပါတယ်နောက်ဗီဒီယို Full HD ရိုက်လို့ရတယ် nikon ကတော့ကြော်ငြာတာFastest Auto Focus in the World လို့ပြောတာပဲ ဒါပေမဲ့ပြိုင်ဖက်တွေရှိတယ် mirrorless လောကမှာသူ့ထက် စော
နေတဲ့ ကောင်တွေရှိတယ် နောက်ပြီး 1second ကိုပုံပေါင်း 10 ပုံ ကို auto focus နဲ့ရပြီး manual focus
ဆို ပုံ 60 တောင်ရတယ် တော်တော်ကိုမြန်တယ် နမူနာ ပုံတွေကိုအင်တာနက်မှာလိုက်ကြည့်တော့ တော်
တော်ကြီးကိုကောင်းတာတွေ့ရတယ် ......
ကျွှန်တော့အတွက်တော့ ခြုံပြောရရင် flash မပါဘူး ကိုယ်က flash တော့မကြိုက်ဘူး တခါတလေတော့
အသုံးတည့်တယ် အတတ်နိုင်ဆုံး flash မပါအောင်ရိုက်တယ် နောက်ပြီး ပြသနာက lens F2.0 လောက်
F1.8 လောက်လိုချင်တယ် နောက်ပြီး အရမ်းမြန်အောင် sensor ကိုသေးသေးလေးလုပ်ထားတယ်အဲ့ဒီ
တော့ sensor သေးချင်း ရဲ့အကြိုးဆက် ကရှိသေးတယ်...........
sensor ကြီးတာကိုကြိုက်တယ် full frame sensor နဲ့ body သေးသေး ကင်မရာတော့ရှိတယ်သူ့နာမည်က
Leica M9P ဂျာမန် လုပ်ပဲ manual focus နဲ့ ဈေးကတော့ယူရို ၇၀၀၀ ကိုဘောဒီ ပဲရှိသေးတယ်lens က
ယူရို ၃၀၀၀ ကျော် အားလုံး ယူရိုတသောင်းလောက်ကျမယ် .....အဲ့သလောက်သုံးဖို့ ကိုယ့်မှာအင်အား
မရှိဘူးဗျ ၊ ထီပေါက်ရင် တော့ဝယ်မယ်ဗျာ စိတ်တော့မလျှော့ဘူး............
စကားမစပ် ထီထိုးတာလဲ တခါးမှ မပေါက်ဘူး........
လိုချင်လိုက်တာ...လိုချင်လိုက်တာ....ကိုင်ကြည့်ချင်လိုက်တာ ....ထီပေါက်စမ်းပါဗျာ....
manual focus ဆိုတော့နဲနဲတော့လန့်တယ် သူများတွေပြောတာ တော်တော်မြန်တယ်ပြောတာပဲ
ကိုယ်က အဝေးကနေ ငေးနေရတဲကသူ ဆိုတော့ မပြောတတ်ဘူး...
ဒါနဲ့နောက်တလုံးကြည့်တယ် Olympus PEN E-P3
ကျွှန်တော် တင်ပြတဲ့ကင်မရာတွေက နောက်ဆုံးဇကာတင် အကြိုက်ဆုံးတွေကိုတင်လိုက်တာပါ
တခြားအမျိုး အစာတွေအများကြီးရှိပေမဲ့ အကြောင်းကြောင်းတွေနဲ့မကြိုက်ခဲ့လို့မတင်တာပါ
နောက်ပြီးပက်ဆံ ယူရို ၁၀၀၀ ဝန်းကျင်မှာရှိတဲ့အနေအထားမျိုးပေါ့ ကိုယ်လဲဖြုန်းနိုင်မဲ့အနီးစပ်
ဆုံးကင်မရာအကြောင်းလေးတွေကို လေ့လာရင်းနဲ့သိလာတဲ့အချက်တွေကို မျှဝေပေးတာပါ...
ကဲဒီ Oly လေး ကတော့ကျွှန်တော် ဝယ်မလို့တောင် ဖြစ်ခဲ့ရတဲ့ ကင်မရာလေးပါ၊
သူ့ရဲ့ကောင်းချက်တွေက focus အရမ်းမြန်တယ် nikon V1 နဲ့ သူမသာကိုယ်အသုဘ ပဲ Nikon
ထက်ပိုကောင်းတာက sensor ပိုကြီးတယ် micro 4/3" ဆိုတော့ APS C sensor ထက်တော့ပိုသေးတယ်
flash ပါပြီးသား ဖြစ်တယ်၊ screen က touch sensitive ဖြစ်တယ် IPHONE လို screen မှာ ရိုက်ချင်တဲ့
နေရာကိုတို့လိုက်တာ နဲ့ချက်ချင်း focus လုပ်ပြီး ရိုက်ပြီးသားပဲ ကင်မရာဖြစ်တဲ့အတွက် ဖုန်းတွေထက်
တော့အများကြီးသာပြီးကာလာနဲ့အလင်းအမှောင်ချိန်တာ ပို သေချာတယ်၊ dials and manual controls
တွေရှိတယ် ၊ lens တွေ ရွေးချယ် လို့ရတာ အများကြီးရှိတယ် ၊သူ့ lens တွေကလဲဒိတ်ဒိတ် ကြဲlens တွေ
Razor-Sharp တွေ .....
12MP ကသူ့ sensor size နဲ့သူအတော်ပဲလို့ထင်တယ်
Art Filters တွေတော်တော်များများပါတယ် ထွင်ရင်ထွင်နိုင်သလို ပုံကောင်းတွေထွက်တယ်....
Live guide လဲပါတယ် အလင်းအမှောင်နဲ့ကာလာတွေကို တခါတဲ စိတ်ကြိုက်ချိန်ပြီးရိုက်လိုက်ရုံပဲ
အားလုံးခြုံပြောရရင် system တွေအရမ်းကောင်းပြီး ကိုင် လို့အရမ်းကောင်းတဲ့ ကင်မရာလေးဖြစ်
တယ်ဆိုတာပဲ...........
အဲလိုတာလေးတွေက......
viewfinder မပါဘူး သတ်သတ်ဝယ်ရမယ် ဒါကလိုကိုလိုတယ် နေရောင်အလင်းတောက်တဲ့ အချိန်
မှာဆို screen တွေကသိပ်ပြီးမမြင်ရတော့ဘူး ရမ်းသမ်း ပြီးရိုက်ရတာ....သူလဲsensor သေးတဲ့အထဲ
နဲနဲပါနေတယ် APS C sensor နဲ့ပြိုင်ရင် သူကလိုက်လို့မမှီဘူး......ဥပမာ iso မြင့်လာရင်ဗျုတ်တွေထလာ
ရော....ဒါပေမဲ့lens ကောင်းကောင်းနဲ့ အကျယ်ကြီးဖွင့်ရိုက်ရင် iso သိပ်တင်စရာမလိုတော့ဘူးထင်တယ်၊
LCD က လှည့်လို့မရဘူး အသေဖြစ်နေတယ်၊ ဈေးက ယူရို၈၀၀ နဲ့၁၀၀၀ ကြားမှာရှိတယ်၊ လိုတာလေး
တွေထပ်ဝယ်ထဲ့ မယ်ဆို ယူရို ၁၅၀၀ လောက်တော့ ကုန်လိမ့်မယ် ၊ အခုစာရေးနေတဲ့ အချိန်မှာOly က
နောက်အသစ်တလုံးထွက်လာပြီ ၊ အဲ့ဒါကိုဝယ်မယ်စိတ် ဆုံးဖြတ်ထားတယ် ဆိုင်တွေမှာတော့မတင်
သေးဘူး.....အဲ့ဒါကိုစောင့်နေတဲ့ကာလမှာသုံးဖို့တလုံးတော့ဝယ်ထားတယ် ဘာလေးလဲဆိုတာနောက်
တော့တင်ပြပါမယ်....ကဲနောက်တလုံးကြည့်အုန်းမယ်
sony nex7.............
သူလဲ အရမ်းကိုကောင်းတယ် APS C Sensor နဲ့ Body ကသေးသေးပဲ 2.4M dot OLED EVF ပါပြီးသား
Oly လိုသီးသန့်ဝယ်စရာမလိုဘူး....24MP APS-C CMOS sensor နဲ့ဆိုတော့ တချို့က ကြိုက်ချင်ကြိုက်မယ်
ကျွှန်တော်ကတော့ noise တွေပိုများလာမယ်လို့ထင်တယ်APS C sensor မှာ 24 Mega pixel ကများလွန်း
တယ်လို့ထင်တယ်full frame မှာဆိုရင် လက်ခံနိုင်တယ်...ဒါပေမဲ့ နည်းစနစ်တွေတိုးတက်လာတော့ မပြော
တတ်တော့ဘူး သိသလောက်ဆိုရင် pixel တခုကို ထပ်ခွဲစိပ်ပြီး အရေအတွက်များလာအောင်လုပ်တာ
pixel ရဲ့စွမ်းရည် ကျလာတယ် အလင်းနဲ့ကာလာတွေ pixel ကြီးကြီးတခုလောက် မထိမ်း နိုင်တော့ဘူး
ဒါကြောင့်full frame လိုsensor ကြီးကြီးမှာpixel အလုံးကြီးကြီး တွေက ကာလာတွေပိုတောက်ပြီးပုံ ကွာ
လတီပိုကောင်းတယ် ၊ဒါကြောင့် full frame ကင်မရာတွေက ယူရို ၂၀၀၀ အထက်မှာကြီးပဲ ၊
Sony လဲ Sony အလျှောက် ကောင်းတဲ့ system တွေရှိတယ် Triple-dial-control တို့ Picture Effect တို့
HDR function တွေရှိတယ် တခြားအသေးစိပ်တွေအများကြီး ရှိပေမဲ့ ကိုယ့်အတွက်စိတ်အဝင်စားဆုံး ပာာ
လေးတွေကို ကွက်ကွက်ပြီး တင်ပြတာပါ သူရဲ့APS C sensor နဲ့ဆို Oly နဲ့Nikon တို့ထက်သာသွားပြီ
လို့ထင်တယ်...ဒါပေမဲ့ auto focus က ပိာုနှစ်ကောင်ကိုမ မှီ ဘူးဖြစ်နေတယ် အလင်းရောင်နဲသွားရင် focus
မသေချာတော့ဘူး နှေးကုန်ရော နောက်တချက်က lens ပြသနာရှိတယ် သူ့ရဲ့ sensor size အတွက် lens
တွေကလဲကြီးကုန်တယ် ဂျာကင် အိပ်လိုပာာမျိုးထဲ ထဲ့လို့မရတော့ဘူး iso noise ကျတော့ oly နဲ့သွားတူ
နေတယ် သူက sensor ကြီးပြီး pixel များထားတယ် Oly က sensor သေးပြီး pixel နဲ ထားတယ် ပြောရရင်
အတူတူပဲ ဒါပေမဲ့Oly က lens ကောင်းကောင်းတွေရှိတယ်



















